ဝါစာကမာ ရေးမိရေးရာ


ခင့်ပါးပြင်ပေါ်က မွှေးလျလျ သနပ်ခါး
မောင့်ပါပြင်ပေါ်က နွမ်းလျတဲ့ မျက်ရည်
ဒီနှစ်ခု ငြိမ်းချမ်းရေး ရသွားရင်
လောကကို အလှဆင်မယ့်
ဆေးတစ်စက် ဖြစ်သွားမှာပါခင် ရယ်။


++++++++++++++++++++++
ကြောင်ကြာကြာ ရေမငုတ်နိုင်ဘူး
ယောင်ချာချာ ကိုယ်တစ်ယောက်တည်းမှာဖြင့်
မာန်တင်းလို့ ပြင်ကာနေ
ဟန်ရေးဖွဲ့လို့ ပြန်ရေးခက်သမို့
အလိုလေ
ဘယ်နှာကြီးပါလိမ့်
လွမ်းရက်ကယ် ဖြေမဆည်းနိုင်
ခင်လေးရေ ပြန်လာခဲ့တော့
ရင်မှာလေ ဗျာပါလိုက်ဆွေး
တောင်ပုံရာ အဝတ်တစ်ပုံနဲ့
လှမ်းလင့်လို့ ကြိုကာနေမယ်
အလွမ်းသင့်တဲ့ ဒဏ် မချိအောင် ခံနေရတာမို့
ခက်ချေပြီ နောင်ခါများမှာဖြင့်
တစ်ယောက်တည်း ချက်ကာစား
လက်မောင်းတော်ပင့် အားမာန်ကိုတင်း
ဆေးပေအုံးတော့ ပုဂံတွေ
အိုကွယ်
လွမ်းလှချည်ရဲ့။

2 comments:

Anonymous said...

ဦးဘကောင်းရှင့်….
ပန်းကန်ဆေးဖို့ အ၀တ်လျော်ဖို့ သက်သက်ပဲ ဣတ္ထိယ တစ်ဦးကို သတိရတယ်လို့ ဒီကဗျာက အဓိပယ်သက်ရောက်နေသလိုပဲရှင်……

Anonymous said...

ဒီလို ဝေဖန်ခံရတော့မယ်ဆိုတာတော့ မြော်လင့်ထားမိပါတယ်။

Post a Comment